Wednesday, July 24, 2013

နူးညံ့ သိမ့်မွေ့သော အတွေး

  အတွေးပဲ့တင် ( Boomerang )
                       အတွေးဆိုတာ ပစ်သူထံ ပြန်ရောက်လာတတ်တဲ့ ဘူးမရန်းဆိုတဲ့ လက်နက်နဲ့တူတယ်။ 
မေတ္တာအတွေး ၊ ကလဲ့စားအတွေး ၊ ရက်စက်တဲ့အတွေး....ဘယ်လိုအတွေးဖြစ်စေ တွေးသူထံ ပြန်လာတတ်
မြဲဖြစ်တယ်။ အတွေးရဲ့ သဘာဝအလိုက် ထိခိုက်ခံစားခြင်း ဒါမှမဟုတ် ကောင်းချီးမင်္ဂလာရခြင်း တို့ကို ခံစား
ရပါလိမ့်မယ်။ ဝေဒနာဒုက္ခ ၊ ဒါမှမဟုတ် စေတနာသုခ ကို ရရှိလာမြဲဖြစ်တယ်။
                    ဒါကြောင့် အခြားသူတွေအပေါ် တွေးတဲ့အတွေးတွေကို ဂရုစိုက် ထိန်းသိမ်းဖို့လိုတယ်။ 
ကောင်းတဲကအတွေး ၊ ဆိုးတဲ့အတွေး ၊ ဘာပဲဖြစ်ဖြစ် အဆုံးမှာ ကိုယ့်ထံပြန်ရောက်လာတတ်ပါတယ်။ 
ဒေါသအတွေးနဲ့အာဃတ အတွေးတွေကို ပိုသတိထားသင့်တယ်။ နာနာကြည်းကြည်းနဲ့ တစ်စုံတစ်
ယောက်ရဲ့ နောက်ကျော်ပေါ် ပစ်ပေါက်လိုက်တဲ့ အတွေးဟာ ကိုယ့်ထံ ပြန်ရောက်လာတတ်တယ်ဆိုတာ
သဘောမပေါက်ထားရင် အထိနာတတ်ပါတယ်။
                      ဒါကြောင့်မို့ အခြားသူတွေအပေါ်မှာထားတဲ့ တို့အတွေးတွေကို တို့စောင့်ကြည့်ကြပါစို့။
ချစ်ကြည်ရေး ၊ ငြိမ်းချမ်းရေး နဲ့ သဟဇာတတွေကို ဆောင်ယူလာမယ့် အတွေးတွေဖြစ်အောင် ဂရုပြုကြပါစို့။ စကားလုံးတိုင်း လုပ်ရပ်တိုင်းကို ချိန်ဆကြည့်ပါ။ ကြည်နူးစရာ အတွေးတွေကို
ဖြန့်ဝေမယ်ဆိုရင် သင်လည်း ကြည်နူးပျော်ရွှင်လာပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့အတွေ့အကြုံအရ ကိုယ်ပေးတာကို ကိုယ်ပြန်ရတတ်တယ်ဆိုတာ အသေအစချာ သိထားလို့ပေါ့။ 

                                                                                     ( ညွန့်ဝေမိုး စာအုပ်မှ ကောက်နုတ်ထားသည်။ )
       

0 comments:

Post a Comment

About

Featured Post 5

Featured Post 4

Featured Post 7

AIM Icon MSN Icon Yahoo Icon Google Talk Icon Twitter Icon Facebook Chat Icon Jabber Icon Bonjour Icon IRC Icon ICQ Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet IconLotus Sametime Icon Gadu-Gadu Icon

Featured Post 6

Featured Post 8

Rangoon

Popular Posts

တင်ပြီးသမျှ