Thursday, July 25, 2013

နူးညံ့သိမ့်မွေ့သော အတွေး ( 3 )

  ဖြတ်သန်းတဲ့ လမ်းတစ်လျှောက်

                            ဒီလမ်းမှာ တို့တစ်တွေ ဖြတ်သန်းသွားရုံသာဖြစ်တယ်။ ဖြတ်သန်းသွားရုံသက်သက်မို့ တစ်နေ့ပြီးတစ်နေ့ အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ တို့ကြိုးစားကြပါစို့။ ချစ်ခင်ရသူတွေအတွက် သူတို့ဒီနေရာမှာ ရှိနေတုန်း တို့တတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်ကြမယ်။ သူတို့တို့အနားမှာ ရှိနေတုန်း တို့နှလုံးသားက ချစ်မေတ္တာကို သက်သေပြကြပါစို့။
                         တို့တစ်တွေဟာ ဒီလမ်းက ဖြတ်သန်းသွားရုံသာရှိတာမို့ ဘ၀ဆိုတာ အလွန်တိုတောင်းလှ
ပါတယ်။ ဒါကြောင့်ဘ၀က အကောင်းဆုံးရဖို့ ကြိုးစားဆောင်ရွက်ကြပါ။ စကားလုံးအားဖြင့် ၊ လုပ်ရပ်အား
ဖြင့်၊ အတွေးအကြုံအားဖြင့် အခြားသူတွေအတွက် သွားလမ်းလာလမ်းဖြောင့်ဖြူးပါစေ။ သူတို့တွေအတွက်
စိတ်ဒုက္ခမဖြစ်ပါစေနဲ့။ ပျော်ရွှင်မှု၊ နှစ်သိမ့်မှု၊ ဖေးမမှု နဲ့ စိတ်ချမ်းသာမှုတွေကိုသာ ပေးဝေပါ။
                         ဘယ်လောက်ပဲပေးဆပ်ရမယ့်တန်ဖိုးကြီးမားပါစေ ၊ သင့်ကတိတွေကို တည်အောင် အမြဲထိန်းသိမ်းပါ။ ယုံကြညက်မှုပျက်ပြားသွားတာနဲ့ တစ်ပြိုင်နက် ချစ်ကြည်ရင်းနှီးမှုဆိုတာ ပြန်ဖာတေးပြင်
ဆင်နိုင်မယ်မဟုတ်ပါ။ သင့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါ။ ဒါမှ အခြားဘယ်သူကမှ သင့်ကို လက်ညှိုးမထိုးနိုင်မှာ။ သင်လုပ်ရမယ့် တာဝန်တွေမှာ မအောင်မြင်တာ ၊ ချွတ်ချော်တိမ်းပါးတာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါ။
                          ဒီကမ္ဘာလောကလေးပေါ်က ဘ၀ဆိုတာ ဇာတ်လမ်းတစ်ကွက်မျှသာ။ ဒီလမ်းလေးတစ်လျှောက် တစ်ကြိမ်သာ ဖြတ်သန်းရမယ့် ခရီးတစ်ခုပါ။ ဒါကြောင့် အခြားသူတွေ သင့်အပေါ်မှာ ပြုမူစေချင်တဲ့အတိုင်း အခြားသူတွေအပေါ်မှာလည်း သင် ပြုမူဆက်ဆံပါ။ ဒီလမ်းကို နောက်တစ်ဖန် သင်ပြန်လာနိုင်မှာ မဟုတ်ပါ။ ဒီလမ်းမှာ သင် ဖြတ်သန်းသွားရုံသက်သက်သာ။ 


                                                                                     ( ညွန့်ဝေမိုး စာအုပ်မှာ ကောက်နုတ်ထားသည်။ )
      

0 comments:

Post a Comment

About

Featured Post 5

Featured Post 4

Featured Post 7

AIM Icon MSN Icon Yahoo Icon Google Talk Icon Twitter Icon Facebook Chat Icon Jabber Icon Bonjour Icon IRC Icon ICQ Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet IconLotus Sametime Icon Gadu-Gadu Icon

Featured Post 6

Featured Post 8

Rangoon

Popular Posts

တင်ပြီးသမျှ