Saturday, June 29, 2013
ဗဟုသုတအထွေထွေ
ကရာတေး ( Karate )
           ကရာတေး ( Karate ) ဆိုတာ လက်နက်မပါဘဲ လက်ဗလာနဲ့တိုက်ခိုက်ခြင်းလို့ဆိုလိုတယ်။ ကရာတေးပညာမှာ လက်သီးဖြင်းထိုးခြင်း ၊ခြေဖြင့်ကန်ခြင်း ၊ လူကိုကိုင်ပေါက်ခြင်းတို့ပါဝင်တယ်။ကရာတေး ပညာကို စတင်ခဲ့တာ တရုတ်ပြည်ကပါ၊အဲ့ဒီနောက် ဂျပန်ကိုရောက်သွားတယ်။ လူကြိုက်များရေပန်စားကာ ( 1924 )မှာ ပထမဦးဆုံး ကရာတေးကျောင်းကို ဂျပန်မှာ ဖွင့်လှစ်သင်ကြားပေးခဲ့တယ်။ ကရာတေးပညာကို ကိုယ်ခံပညာ အနေနှင့် အကျိုးရှိ အသုံးချသင့်ပါတယ်။
ကမ္ဘာကျော် ပညာရှင်တို့၏ အချစ်မနော
- Love is blind.
          အချစ်တွင် မျက်စိမရှိ
-Love rules without law .
           အချစ်သည် ဥပဒေမရှိဘဲ ကြီးစိုး၏။
- Old love does not rust.
           ငယ်ချစ်က မပျောက်ပျက်ပါ။
- A grave mental disease .
           အချစ်ဟာ ပြင်းထန်သော စိတ်ရောဂါဖြစ်သည်။
- All is fair in the love and war.
          အချစ်နှင့်စစ်မှာ မတရားဟူသည်မရှိ။
- Beauty is power a simile is its sword.
          လှပခြင်းက အင်အားဖြစ်တယ်။ အပြုံးက သူ့ရဲ့လက်နက်ဖြစ်သည်။
- Love conqueror all things.
          အချစ်ဟာ အရာရာကို အောင်နိုင်တယ်။
- Love see no faults.
          အချစ်သည် အပြစ်များကို မမြင်ပါ။
- True lover never grows old.
          အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်သောအခါမှ မဟောင်းနွမ်းပါ။
- Absence is the enemy of love.
          ကွဲကွာခြင်းဟာ ချစ်ခြင်းရဲ့ ရန်သူဖြစ်သည်။
 - I went to search of love,and lost myself.
          အချစ်ကို လိုက်ရာရှင်း ကျွန်ုပ်လမ်းပျောက်ခဲ့ရသည်။
- Love is the egotism of two.
          အချစ်ဆိုတာ လူနှစ်ယောက်ရဲ့ အတ္တပြိုင်ပွဲပါ။
- The only victory over love is fight.
         အချစ်ကို အောင်နိုင်သော တစ်ခုသောနည်းလမ်းမှာ ရှောင်ပြေးခြင်းဖြစ်သည်။
Friday, June 28, 2013
ဒဿန အတွေးများ
တစ်ခုခု...တစ်နေရာမှာ
လိပ်လိုသွားနေသူမှာ...အလုပ်ရဖို့ ခက်၏်။
                                                                      ( ပီမိုနင်း )
                                                                           မိမိဘ၀...မခိုင်မာမိ
                                                                            စေတနာကို ချွေတာပါ။
    အတုကောင်းကို
     အတုခိုးလျှင်...အခုတိုး၏။
    အဆိုကို
     အတုခိုးလျှင်...အတိုးနစ်လိမ့်မယ်။
                                                                         မှန်တယ်..မမှန်ဘူး...
                                                                        ကောင်းတယ်..မကောင်းဘူး..
                                                                        လူတွေက ဆုံးဖြတ်လို့ မရပါဘူး။
     ပညာမရှိရင်....
    သူဌေးဖြစ်ချင်  ဖြစ်မယ်။
    မချမ်းသာနိုင်ဘူး
    သူဌေးဖြစ်ခြင်းဟာ ကိုယ်ကာယ နဲ့ဆိုင်တယ်။
                                                                         အကြံကောင်း..ဥာဏ်ကောင်းလောက်
                                                                        တန်ဖိုးကြီးမားသည့် လက်ဆောင်သည်  မရှိ။
 မိမိကိုယ်ကို   မိမိ ယုံကြည်ခြင်းသည်
သူရဲ့ကောင်း ပီသသူ၏
အနှစ်သာရ ဖြစ်သည်။
                                   လင်ကွန်း ( အမေရိကန်သမ္မတ )
ကမ္ဘာကျာ်ပညာရှင်တို့ရဲ့ လူ့မနော်
1.( လူငယ်ဘ၀မှာ အားလပ် ပျင်းရိနေခဲ့လျှင် အိုမင်းလာတဲ့ခါ ဆင်းရဲ့မယ်။ )
2. Better  be a fool than a knave .
( သစ္စာမဲ့သူ ဖြစ်ရခြင်းထက် သူရူးဖြစ်ရခြင်းက ပိုကောင်းပါတယ်။ )
3. The honest man is found only in the cemetery .
( လူရိုးဟာ သင်္ချိုင်း မှာရှိတယ်။ )
4.A young idler makes an old begger .
( လူပျင်းကလေးဟာ ကြီးပြင်းလာတဲ့ခါ သူတောင်းစားကြီးဖြစ်မယ်။ )
5. Truth sits upon the lips of dying men .
( သေခါနီး လူရဲ့ နှုတ်က သစ္စာ စကားဆိုတယ်။ )
6. A poor man has no kith and kin .
( ဆင်းရဲသော လူမှာ ဆွေမျုးမရှိ။ )
7. Everyone to his hobby .
 ( လူတိုင်းသူ့ ၀ါသနာအတိုင်း လုပ်ကြတယ်။ )
8. No man is go poor as he was born .
 ( လူဆိုတာ မွေးလာစဉ်က ဘာမျှမပါ။ )
9. Everyone must pay his debt to nature .
( လူတိုင်း သူ့ရဲ့သဘာဝ ၀ဋ်ကြွေးကို ပေးဆပ်ရမယ်။ )
10. Time and tide wait for no man .
( အချိန် နှင့်ဒီရေသည် လူကိုမစောင့်။ )
11. Every man has his value .
 ( လူတိုင်း မိမိအတွက် တန်ဖိုးရှိ၏။ )
12.  The man who hesitates is lost .
( တုံ့ဆိုင်းတဲ့ လူဟာ ရှုံးနိမ့်တယ်။ )
13. Man repents too late .
( လူတို့ နောင်တ နောင်မှရ။ )
14. Men make their own history .
( လူတွေဟာ ကိုယ့်သမိုင်းကိုယ် ဖန်တီးတတ်ကြတဲ့သူတွေဖြစ်တယ်။ )
15. A man cannot serve two masters .
( လူတစ်ယောက်သည် သခင်နှစ်ဦးထံ အစေမခံနိုင်။ )
Wednesday, June 26, 2013
သင်အလုပ်လုပ် လျှင်
သင်တစ်ယောက်တည်းလုပ်ရသည်
သင်အလုပ်မှရလာတဲ့ ငွေသည်
သင့်မိသားစုအတွက် ပင်ဖြစ်သည်။
သင် လုပ် လုပ် လျှင် 
သင့်တစ် ယာက် တည်း သာ လုပ်ရသည်
အ လုပ် မှ ရ လာ တဲ့ငွေ သည်
သင့်မိသားစု အတွက် ပင်ဖြစ်သည်။
မိတ်ေ ဆွ သူ ငယ် ချင်း များ နဲ့
 မျှဝေခံစားပါ
ဝမ်း နည်းကြေကွဲမှုရှိခဲရင်
သင့်တစ်ေ ယာက် တည်း သာ
ရင် ထဲ ခံ စား သိမ်း ထား ပါ။
Monday, June 24, 2013
သူငယ်ချင်း ဒဿန
သူငယ်ချင်း ဆိုတဲ့ ခေါင်းစဉ်ကို...
ငါ သတ် မှတ် ခဲ့ ပင် မဲ့ တ ကယ် တမ်း ကျ တော့
ငါ့ဘက်က ..မပြောင်းလဲဘဲ 
ခိုင်မြဲစွာပြောခဲ့တဲ့ 
ခေါင်းစဉ်လေးတစ်ခုပါ
                 အလုပ်များနေတယ်။။
တခြားသူအတွက်ကတော့ ဒီအလုပ်က.
အရေးမပါပင်မဲ့ အလုပ်များနေသူ...အတွက်ကတော့
 အချိန်ကုန်နေမှန်း
မသိဘဲ ..မ  သိ  ဘူး  ဖြစ်နေတယ်
                     အ နာ ဒဏ် ရာဆို တာ  ကု သ လျှင် 
ပျောက် သွား နိုင် သည်။
စိတ် ဒဏ် ရာသည် က စိတ် နှင့်ပင်
အတော်ကြိုးစားကုရမည်။
သူငယ်ချင်း ဆိုတဲ့ ခေါင်းစဉ်ကို..
ငါသတ်မှတ်ခဲ့ ပင်မဲ့ တကယ်တမ်းကျတော့
ငါ့ဘက်က ..မပြောင်းလဲဘဲ
ခိုင်မြဲစွာပြောခဲ့တဲ့
ခေါင်းစဉ်လေးတစ်ခုပါ
ဘ၀ကလေးငယ်
ကိုယ့်ပိုင်ဘ၀လေးကို
ပိုင်ဆိုင်နိုင်ဖို့ ငါကြိုးစားခဲ့ပင်မဲ့...
လောကမှာ..................
 တည်မြဲခြင်းမရှိသလောက်ကို
ငါ ရူး သွပ် စွာ အိပ် မက် နဲ့ တည် ဆောက် ဖို့
စဉ်း စားခဲ့ပါတယ်။
သေသေချာချာတိတိကျကျ         မသိနိုင်တဲ့ ဘ၀နဲ့
ရှေ့ဆက်ဖို့   ငါ..အများကြီး ကြိုးစားနေခဲ့သေးတယ်
တကယ်တမ်း   ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့....
အိပ်မက်တွေရဲ့ ဖိအားကိုလည်း  
ခံနိုင်ရည်ရှိဖို့  လေ့ကျင့်နေဆဲပါ။။။
အချစ်ဒဿန
အချစ်ကျော့ကွင်းဆိုတာ
စိတ် ချမ်း သာ ခြင်း များ ရဲ့
နောက် ဆုံး..... အ ဆုံး သတ် နေ ရာ ပဲ
အ ချစ် ကို ယုံ ပြီး.
လော က ထဲ ကို ခြေ စုံ ပစ် ၀င် ခြင်း ဟာ...
မိုက် မဲ ခြင်း ဖြစ် ပါ တယ်။
အ ချစ် ဆို တာ  လောင် မြိုင် ခံ ရ မှု များ ရင်..
အ ရည်ပျော်လွင့်ပြယ်တဲ့   သဘောမျိုးရှိတယ်။။။။။
     အချစ်ကိုရှာဖွေတဲ့ခါ........
မည်သည့်အကြောင်းပြချက်မျိုးနဲ့မှ  မရှာပါနဲ့
အချစ်ကို အလိုရှိရင်
အချစ်နဲ့ရှာတာ အကောင်းဆုံးဖြစ်ပါတယ်။။။။
Saturday, June 22, 2013
ဘ၀အတွက် ဖတ်စရာ
ရယ်စရာတွေ့လျှင်  ရယ်ရမည်
ပြုံးစရာတွေ့လျှင်  ပြုံးရမည်
သို့မှသာ... လူသားဆန်မည်။
မပြုံး ..မရယ်သူ.. မမဲ့သူ 
လောကတွင် မရှိ။ 
ပြူံးရယ်မှသာလျှင်
လူသားဆန်မည်။
စာရေးတယ် ဆိုတာကလည်း...
ကိုယ့်စိတ်ထဲရှိတာကို  ဖတ်တဲ့သူသိအောင်
ပြောတာ။
စာဖတ်တယ် ဆိုတာကလည်း...
စာရေးသူ ဘာပြောချင်တာလဲ  ဆိုတာကို
သိဖို့ဖတ်တာ။
တကယ်တော့ စာရေးတယ်ဆိုတာ
ဝေဒနာနဲ့ စေတနာကို ပေးဝေမျှချင်လို့ပဲ
ဖြစ်ပါတယ်
ယခုရောက်နေတဲ့ နေရာကနေ အနာဂတ်အတွက်လျှောက်ရမဲ့ ဘဝ
ပညာရှိတွေ ပြောပြောနေကြတဲ့ စကားကို..
ငါကြားဖူးတယ် .
အတိတ်ကိုမေ့...အနာဂတ်ကို မတွေး...လက်ရှိတိုးတက်
ကောင်းမွန်အောင် ကြိုးစားတဲ့။
အတိတ်က အမှတ်ရစရာ ၊ ပျော်စရာ ၊ နားကြည်းစရာ.
ဘဝ
အချစ်ဒဿနလက်ဆောင်
ငယ်ချစ်.....
ဟိုစဉ်ဘဝ
ငယ်ကတည်းက
စလို့ရင်ထဲ 
တွယ်ငြိစွဲ ချစ်မိတာ   ဒီနေ့..ထိတိုင်
မင်းတစ်ယောက်တည်းကိုပါ။
အခုချိန်ထိ မင်းကလွဲပြီး
တခြားဘယ်သူကိုမှ 
မတမ်းတတာ
မင်းကိုငါ...
မမေ့သေးလို့ပေါ့
သူငယ်ချင်းရာ....
အချစ်ဆိုသည်က...
နူးညံ့သိမ့်မွေ့သလို
ပေါက်ကွဲခဲ့လျှင်ကား..
ပြင်းထန်လွန်းသည်ဟု  စကားရှိသည်
အချစ်ရေးရာ ကိစ္စနှင့်ပင် 
ပတ်သက်လျှင်... မျက်လုံးက စကားပြောသလို
အနမ်းပွင့်များကလည်း ...
စကားပြောသည်ဟု
ရှေးပုဂ္ဂိုလ်တို့က စကားဆိုခဲ့သည်။
မျှော်လင့်ချက်ဖြင့် ပန်းတိုင်ဆီ သို့...
စောင့်ရတယ်  ၊  မျှော်လင့်ရ တဲ့...
အရာဟာ စိတ်ကို  အင်အားဖြစ်စေသလို
စိတ်ကို  လုံးဝ  ပြန်မနိုးထနိုင်အောင်
လုပ်နိုင်တယ်။
မျှော်လင့်ချက်တွေ မပေးခဲ့  ဘူးဆိုပင်မဲ့လည်း
ငါတို့တွေဟာ  မျှော်လင့်ချက် အိပ်မက်တွေနဲ့
အသက်ရှင်နေကြဖို့ တစ်ခုပါပဲ။
ဒါဟာ... တန်ဖိုးရှိတဲ့ ဘ၀ ပန်းတိုင်ကို
လူသားတိုင်းဟာ မျှော်လင့်ချက်နဲ့ လျှောက်လမ်းနေကြလို့ပဲ။
တစ်ခါတစ်လေမှာ မျှော်လင့်ချက်တွေနဲ့
ဖြစ်ချင်သလို ဖြစ်မလာနိုင်တဲ့ အရာတွေ အများအပြားပဲ။
ဘယ်လိုပဲ ဘ၀ကို ရှုံးသွားသည်ဖြစ်စေ...
မျှော်လင့်ချက် ဖြင့် ဘသ ကို ဆက်လျှောက်သွားပါ။
ဒဿနလက်ဆောင်
အိပ်မက် မျက်ရည် များ
ငိုကြွေးခဲ့ ရပေါင်းများနေပြီ
အတိတ်က  အရိပ်တွေ
ခြေက်လန့်တုန်လှုပ်နေဆဲ
ဖြစ်ချင်ဘ၀  မရောက်နိုင်
အတော်ကြိုးစားရမည်
ဝေဒနာတွေ ကိုယ်မှာဖြစ်
စိတ်ဒဏ်ရာ ထစ်နေပြီ
ဝန်ခံဖို့ အရေး မဖြစ်နိုင်
အရာရာကို သိနှင့်ပြီ
အတိတ်က ဒဏ်ကြွေးတွေ
ဒီဘ၀နဲ့ ပင်ကျေပါစေ......
ဒဿနလက်ဆောင်
လူတိုင်း  လူတိုင်းမှာ  ကိုယ်ယုံကြည်တာ 
တစ်ခုတော့  ရှိတတ်ကြတယ်။
 အမြဲတမ်းမှန်နေတဲ့  စကားဆိုရင် ....
ဘယ်ခေတ် ဘယ်အချိန်တုန်း က 
ဘယ်လို လူကပဲပြောခဲ့ပါစေ
လက်ခံနိုင်ရမယ်။
လူတိုင်းသည်  တူညီလွတ်လပ်သော
ဂုဏ်သိက္ခာ  ဖြင့်လည်းကောင်း
တူညီလွတ်လပ်သော  အခွင့် အရေးများဖြင့်လည်းကောင်း
မွေး ဖွား လာ သူ များ ပင် ဖြစ် သည်။
ခံစားမှုတွေကို  နားလည်ပေးဖို့ ဆိုတာ...
မလွယ်ကူပင်မဲ့ ခံစားချက်ရှိတဲ့သူ မှသာ
ခံစားပေးနိုင်လိမ့်မယ်။
အမှားတစ်ခုအတွက်ပြင်ဆင်ခြင်း
အကြိမ်ကြိမ် အမှားလုပ်ခဲ့မိရင်
အကြိမ်ကြိမ်  တောင်းပန်တတ်ရတယ်
တောင်းပန်လို့  သက်ဆိုင်သူ...
ခွင့်မလွှတ်ရင်   မင်းအမှားမဟုတ်ဘူး
အပြစ်သား တစ်ယောက်လို့  မင်းစိတ်ထဲမထားနဲ့
အတ္တ ၊ မာန တွေလွှမ်းမိုင်းနေခဲ့ တယ်ဆိုရင်
မင်းရဲ့... သက်ဆိုင်သူဟာ အထီးကျန်သီချင်းဆိုဖို့တောင်
ရ မ လား တောင် မ သိ ဘူး..
လူတစ်ယောက်ဖြစ်ဖို့....
လူဆိုတာ  တစ်ယောက်တည်း  နေလို့ရတဲ့..
ကမ္ဘာမဟုတ်ဘူး
ပတ်ဝန်းကျင်ဆိုတဲ့ နယ်ပယ်တစ်ခုနဲ့
မခွဲအတူနေတာပါ
မေတ္တာ ကို ဘေးချိတ်..  သစ္စာ ကို မယုံ ..ဂရုဏ ကို  ငရဲပို့
ဥပေက္ခာ ကို  ရင်ဝယ်ပိုက်..
ဒီလိုလူများ တော်လှန်ဖို့ကြိုးစား။
အများအတွက်  ကောင်းမွန်တဲ့  အတွေးနဲ့
အလုပ်လုပ်ပြီး ထင်ပေါ်ကျော်ကြား သမိုင်း ထင်ကျန်
 နာမည်ကျန်ရစ်သူ
                                 သင်မဖြစ်ချင်ဘူးလား....
Thursday, June 20, 2013
ဒဿနလက်ဆောင်
ခံစားမှုတွေကို  နားလည်ပေးဖို့ဆိုတာ
မလွယ်ကူပင်မဲ့ ခံစားချက်ရှိတဲ့သူမှသာ
ခံစားပေးနိုင်လိမ့်မယ်
မျှော်လင့်နေမယ်လို့ ပြောတာဟာ
သူ့ဘက်က ပေးဆပ်မှုတွေရှိနေလို့ပဲ
ကမ္ဘာလောက ထဲမှာ ရှိတဲ့ လူတွေအားလုံးဟာ
မျှောင့်လင့်ချက်နဲ့ အသက်ရှင်ကြတယ်ဆိုတာ
မှားနိုင်လိမ့်မည် မဟုတ်ပါ
စာရေးတယ်ဆိုတာကလည်း ..
ကိုယ့်စိတ်ထဲမှာရှိတာကို   ဖတ်တဲ့ လူ သိအောင်ပြောတာ
စာဖတ်တယ်ဆိုတာကလည်း
စာရေးသူ ဘာပြောချင်တာလဲ  ဆိုတာကို 
သိဖို့ဖတ်တာ
မမေ့နိုင်တဲ့နေ့ရက်တွေ
ငယ်ငယ်လေးက  တစ်ခန်းတည်း
ငယ်သူငယ်ချင်းတွေနဲ့ ပျော်စရာနေ့ရက်တိုင်း
စာသင်ခဲ့ရဖူးတယ်
 အမှတ်ရစရာ  နေ့ရက်တွေကို  နေ့တိုင်း
ကျော်ဖြတ်သွားရတာဟာ  အမှတ်တမဲ့ကနေ
အမှတ်တရဖြစ်သွားခဲ့တယ်
မမေ့နိုင်တဲ့ ငါတို့ကျောင်းတော်ကြီး
မမေ့နိုင်တဲ့ ငါရဲ့သူငယ်ချင်းများစွာ
အသက်ရှင်နေသမျှ အမှတ်ရနေမယ်ဆိုတာ
ပြောပြလိုက်ပါရစေ
ကျောင်းတော်ကြီးကိုလည်း လွမ်းတယ်
သူငယ်ချင်းတွေကိုလည်း လွမ်းတယ်
စာသင်ပေးခဲ့တဲ့ ဆရာ /ဆရာမ တွေကိုလည်း လွမ်းတယ်
အမှတ်တမဲ့ကနေ အမှတ်တရဖြစ်သွားတဲ့အရာကိုလည်း
ငါ လွမ်းတယ်
About
Featured Post 5
Featured Post 4
Featured Post 7
AIM Icon MSN Icon Yahoo Icon Google Talk Icon Twitter Icon Facebook Chat Icon Jabber Icon Bonjour Icon IRC Icon ICQ Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet IconLotus Sametime Icon Gadu-Gadu Icon
Featured Post 6
Featured Post 8
Rangoon
Popular Posts
တင်ပြီးသမျှ