ငယ်သူငယ်ချင်းတွေနဲ့ ပျော်စရာနေ့ရက်တိုင်း
စာသင်ခဲ့ရဖူးတယ်
အမှတ်ရစရာ နေ့ရက်တွေကို နေ့တိုင်း
ကျော်ဖြတ်သွားရတာဟာ အမှတ်တမဲ့ကနေ
အမှတ်တရဖြစ်သွားခဲ့တယ်
မမေ့နိုင်တဲ့ ငါတို့ကျောင်းတော်ကြီး
မမေ့နိုင်တဲ့ ငါရဲ့သူငယ်ချင်းများစွာ
အသက်ရှင်နေသမျှ အမှတ်ရနေမယ်ဆိုတာ
ပြောပြလိုက်ပါရစေ
ကျောင်းတော်ကြီးကိုလည်း လွမ်းတယ်
သူငယ်ချင်းတွေကိုလည်း လွမ်းတယ်
စာသင်ပေးခဲ့တဲ့ ဆရာ /ဆရာမ တွေကိုလည်း လွမ်းတယ်
အမှတ်တမဲ့ကနေ အမှတ်တရဖြစ်သွားတဲ့အရာကိုလည်း
ငါ လွမ်းတယ်
0 comments:
Post a Comment